တန့်ယန်းမြို့နယ်တွင် ဌာနဆိုင်ရာ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

တန့်ယန်း  ဇွန်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၃) တပ်မတော် ဆေးရုံ(ခုတင်-၂၅)၌ ထိုးနှံပေးသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ နယ်မြေခံ အမှတ်(၃) တပ်မတော် ဆေးရုံ(ခုတင်-၂၅)မှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ထိုးနှံပေးကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။                     

မင်းလွင်ဦး(ပြန်/ဆက်)