ဝေါ ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ဆင်ရွာကျေးရွာတွင် ယမန်နေ့ညနေ ၃နာရီ အချိန်ခန့်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်၍ ဆင်ရွာကျေးရွာရှိ လူနေအိမ်ပြိုလဲ ( သွပ်မိုး ၊ ပျဉ်ထောင် ၊ပျဉ်ခင်း)(၂ )လုံး၊ တောင်ထန်းမိုး၊ ထရံကာ ၊ပျဉ်ခင်း) (၁) လုံးပြိုလဲစုစုပေါင်း (၃) လုံး၊ လူနေအိမ်အမိုးလန် သွပ်မိုး (၄၅) လုံးနှင့် တောင်ထန်းမိုး (၂) လုံး၊ အမိုးလန်စုစုပေါင်း (၄၇) လုံး လေဘေးသင့်ဒဏ်ခံခဲ့ရသည်။
အဆိုပါ လေဘေးသင့်လူနေအိမ် (၅၀) လုံးရှိ အိမ်ထောင်စု (၅၀) စုရှိ ကျား ၁၂၀ ဦး၊မ ၁၁၂ ဦးစုစုပေါင်း ၂၃၂ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ အစီအစဉ်ဖြင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့နေထိုင်ရန် စီစဉ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။
လေပြင်တိုက်ခတ်ဖြစ်စဉ်ကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိပါကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးခန့်မှန်း( ၁၈၈ )သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
အောင်မြတ်လင်း