ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင် ၂၀၂၁ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဝါးခယ်မ ဇွန် ၁၆ ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမ‌ငေးမြို့တွင်၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျုံမငေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဝါးခယ်မမြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး (မန်ဂျန်ရှား၊ ကျွန်း၊ မ‌ဟော်ဂနီ) ပျိုးပင် စုစုပေါင်း (၉၀၀)ပင်အား ထွေ/အုပ် ရုံးဝန်းအတွင်းနှင့် ကျုံမ‌ငေး-လပွတ္တာကားလမ်းတလျောက် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ သဘာဝဘေး အန္တရာယ်ကျရောက်မှုကာကွယ်ရေး၊ သစ်တောများပြုန်းတီးမှုကို ထိန်းသိမ်း ကာကွယ်ရေးနှင့် ရာသီဥတု မျှတစေရေးအတွက် ရည်ရွယ်၍ စု‌ပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်း ဖြစ်ကြောင်း ဝါးခယ်မမြို့နယ်သစ်တော ဦးစီးဌာနမှသိရသည်။ ဖြိုးပြည့်စုံ