ဆီဆိုင် ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ မိုးရာသီသစ်ပင် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၉၉,၃၅၀)အား ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမှ သိရသည်။
အဆိုပါပျိုးပင်များကို ဆိုက်ခေါင်ပျိုးဥယာဉ်၌ ပျိုးပင်(၆၆,၀၀၀)၊ နောင်ထော်ပျိုးဥယာဉ်၌ ပျိုးပင်(၁၅၀,၀၀၀)နှင့် ပန်ကန်းပျိုးဥယာဉ်၌ ပျိုးပင်(၈၃,၃၅၀) စုစုပေါင်း ပျိုးပင်(၂၉၉,၃၅၀)တို့အား ပျိုးထောင်ထားရှိပြီး ပျိုးပင်များမှာ လျှော်ဖြူ(၉၄,၀၀၀)၊ ထောပတ်(၁၇,၆၈၀)၊ ကျွန်း(၁၀၃,၁၀၀)၊ ရေသင်းဝင်(၃၀,၁၅၀)၊ ထင်းရှူး(၅,၀၀၀)၊ စိန်ပန်းပြာ/နီ(၈,၂၀၀)၊ မန်ဂျန်ရှား(၁,၅၀၀)၊ မယ်ဇလီ (၂၃,၀၀၀)၊ မက္ကဒေးမီးယား(၁,၃၀၀)၊ ယူကလစ်(၃၅၀၀)၊ ချယ်ရီ(၂,၀၀၀)၊ မနားမားငု(၃,၀၀၀)၊ ကျောက်ထင်းရှူး(၃,၁၂၀)၊ ခါတော်မီ(၈၀၀)၊ ဒန့်သလွန်(၁,၅၀၀)နှင့် ပေါက်ပန်းဖြူ(၁,၅၀၀)တို့ကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ အသင်းအဖွဲ့များ၊ အခြေခံပညာကျောင်းများ၊ သစ်ပင်စိုက်ပွဲတော်များ၊ မိမိနေအိမ်ခြံဝင်းများ၌ စိုက်ပျိုးလိုသူများအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)