ဇီးကုန်းမြို့နယ်တွင် Mask Campaign ပြုလုပ်
Jun 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေလယ်က လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။