လေဆင် နှာမောင်း တိုက်ခတ်မှုဖြစ်ပွားသည့် ဒေသခံပြည်သူများ ဝေါမြို့နယ် မီးသတ် တပ်ဖွဲ့မှ ကူညီ ကယ်ဆယ် ရေး ဆောင်ရွက်

 

ဝေါ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များ အရန် မီးသတ် တပ်ဖွဲ့ဝင်များ ယနေ့နံနက်ပိုင်း၌ ဝေါမြို့နယ် ဆင်ရွာကျေးရွာတွင်  ယမန်နေ့ ညနေပိုင်းက  လေဆင် နှာမောင်း တိုက်ခတ်မှုဖြစ်၍ ဆင်ရွာကျေးရွာရှိ လူနေအိမ်ပြိုလဲ ( သွပ်မိုး ပျဥ်ထောင် ၊ပျဥ်ခင်း)( )လုံး၊ တောင် ထန်းမိုး၊ ထရံကာ ၊ပျဥ်ခင်း) () လုံးပြိုလဲစုစုပေါင်း () လုံး၊ လူနေအိမ်အမိုးလန် သွပ်မိုး (၄၅) လုံးနှင့် တောင် ထန်းမိုး () လုံး၊အမိုးလန်စုစုပေါင်း (၄၇) လုံးလေဘေးသင့်ဒဏ်ခံခဲ့ရသည့် ဒေသခံ ပြည်သူ များအား ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ လေဘေးသင့်လူနေအိမ် (၅၀) လုံးရှိ အိမ်ထောင်စု (၅၀) စုရှိ ကျား ၁၂၀ ဦး၊မ ၁၁၂ ဦးစုစုပေါင်း ၂၃၂ဦး အား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ အစီအစဥ်ဖြင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ယာယီပြောင်းရွှေ့နေထိုင်ရန် စီစဥ်ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

လေပြင်တိုက်ခတ်ဖြစ်စဥ်ကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိပါကြောင်းနှင့် ပျက်စီး ဆုံးရှုံးမှု တန်ဖိုး ခန့်မှန်း( ၁၈၈ )သိန်းခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အောင်မြတ်လင်း (ပြန် /ဆက်)