စလင်းမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ကျောင်းသား/သူများ ပညာသင်ကြား လျက်ရှိ

 

စလင်း ဇွန် ၁၆

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ပေါ်ရှိစာသင်ကျောင်းများတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာအထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့်ကျောင်းများကို ဇွန်လ ၁ ရက်နေ့မှစတင်၍ ပညာ သင်ကြား ပေးလျက်ရှိသည်။

 

ထိုသို့ကျောင်းများဖွင့်လှစ်သင်ကြားလျှက်ရှိရာ ယနေ့အထိ အထက်တန်းကျောင်း၊ အလယ် တန်းကျောင်းနှင့် မူလတန်းကျောင်းများကို နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လုံခြုံရေးများဆောင်ရွက်လျှက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာပညာသင်ကြားလျှက် ရှိကြောင်းသိရှိရသည်။

 

စလင်းမြို့နယ်တွင် ကိုယ်ပိုင်အထက်တန်းကျောင်း(၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄)ကျောင်း၊ အထက်တန်းကျောင်း(၁၄)ကျောင်း၊ အလယ်တန်းကျောင်း(၂၅)ကျောင်း၊ မူလတန်းကျောင်း(၁၆၆)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၁၇)ကျောင်း၊ မူလတန်းလွန်ကျောင်း(၃၃)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၄၆)ကျောင်း၊ စုစုပေါင်း(၃၂၂)ကျောင်းရှိပြီး မူလတန်းအဆင့်အပ်နှံသူပေါင်း(၈၈၉၄)ဦး၊ တက်ရောက်သူပေါင်း(၈၈၉၃)ဦး၊ အလယ်တန်းအဆင့်အပ်နှံပြီးသူပေါင်း(၅၀၆၁)ဦးရှိပြီး တက်ရောက်သူပေါင်း(၄၉၃၀)ဦး၊ အထက်တန်းအဆင့်အပ်နှံသူပေါင်း(၁၃၀၀)ဦး၊ တက် ရောက် သူပေါင်း(၁၁၈၉)ဦးရှိကာ စုစုပေါင်း အပ်နှံသူပေါင်း(၁၄၄၅၅)ဦး၊ တက်ရောက် ပညာ သင်ကြားသူပေါင်း(၁၄၂၁၂)ဦး၊ စုစုပေါင်း(၂၈၆၆၇)ဦး အေးချမ်းစွာပညာသင်ကြားလျက်ရှိ ကြောင်းသိရှိရသည်။

 

မောင်လွင်(စလင်း)