ဆင်ပေါင်ဝဲမြို့ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်

ဆင်ပေါင်ဝဲ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်လျက်နေသော ကမ်းနားလမ်းသည် ယခင်က မြေသားလမ်းဖြစ်၍ အရှည် (၂၇၀) ပေရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေမှ ငွေကျပ် ၅၉၅၀၀၀၀/-ဖြင့် လမ်း အရှည် (၂၇၀)ပေ၊ အကျယ် (၁၂)ပေနှင့် အနက်ထု (၈)လက်မ ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းပြီးစီး ပါက ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ် ကြောင်း ဆင်ပေါင်ဝဲမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

ချိုချိုဝင်း