နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်

နတ်မောက် ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ  နတ်မောက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် ()နာရီ အချိန်ခန့်က နတ်မောက်မြို့နယ် ရွာတော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ သည်။

အဆိုပါကျေးရွာအုပ်စုအတွင်းရှိ  အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကျား() ဦး၊မ () ဦး ၊အသက် (၁၈)နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ် ကျား()ဦး၊ မ ()‌ဦး၊လဲလှယ် ကျား (၁၂)ဦး၊ (၁၈)ဦး၊ မိတ္တူကျား()ဦး၊မ()ဦး စုစုပေါင်း (၅၃)ဦးတို့အား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ် အခမဲ့ ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ 

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့သည်။ 

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့်   မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ   ဒေသခံပြည်သူများအား နိုင်ငံသား စိစစ် ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ခုနှစ် မေလ()ရက်နေ့မှ စတင်ကာ၂၀၂၂ခုနှစ် နိုဝင်ဘာလ ကုန်ထိ ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ      မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းထံမှသိရသည်။

သင်းသင်းမြတ်( နတ်မောက်ပြန်/ဆက်)