စေတုတ္တရာ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါ ကာကွယ်ဆေးများထိုးနှံဆောက်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ငမကျေးရွာရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွား ကောင်ရေ(၁၂၀)အား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာဇော်မျိုးအောင်ဦးဆောင်၍ ငမကျေးရွာမှ ဒေသခံပြည်သူများ၏ ကျွဲနွားများအားပေါင်ပုပ်၊ လက်ပုပ် ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ဒေသခံပြည်သူများအား ကာကွယ် ဆေးထိုးနှံရသည့် အကြောင်းအရင်းများ၊ ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများ အကြောင်း၊ ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီအကူးအပြောင်းကာလအတွင်း တိရိစ္ဆာန်များတွင် ဖြစ်ပေါ်တတ်သည့် ကူးစက်ရောဂါများအကြောင်းနှင့် ရောဂါလက္ခဏာများ တွေ့ရှိရပါက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ချက်ခြင်းဆက်သွယ်ဆောင်ရွက်ကြရန် အသိပညာပေး ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အဆိုပါ ကျွဲ၊ နွား ပေါင်ပုပ်၊ လက်ပုပ် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသိပညာ ပေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိ နေသေးသော ကျေးရွာများတွင်လည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ခင်သန်းလှိုင်