နတ်မောက် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ကျေးရွာများသည် မိုးငရုတ်များကို ကျယ်ကျယ်ပြန့်ပြန့် နှစ်စဉ်စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ဈေးကွက်ဝင် (692) မျိုးခေါ် ကျောက်စိမ်းငရုတ်များကိုပါ စိုက်ပျိုး ရန် ပျိုးထောင်နေကြပြီဖြစ်ကြောင်း သိရသည်။
ကျောက်စိမ်းငရုတ်မျိုးစေ့ထုတ်များကို စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီး ငရုတ်မျိုးစေ့ (692) တစ်ထုပ်ကို ကျပ် ၅၃၀ဝိ/-မှ ၆၅၀ဝိ/-အထိ ပေးဝယ်ရကြောင်း၊ ပျိုးထောင် ရာတွင် မြေပြုပြင်ပြီး မြေကြီးပေါ်တွင် တိုက်ရိုက်ပျိုးထောင်ခြင်းထက် ပလပ်စတစ်အိတ်အသေးဖြင့် မြေဆွေးထည့်၍ ပျိုးခြင်းက အပင်ပေါက်နှုန်းကောင်းပါကြောင်း လျှော်တောင်ကျေးရွာ တောင်သူ ကိုမြင့်ဦးက ပြောသည်။ “ကျနော်တို့က (692) ငရုတ်မျိုးကို မေလဒုတိယပတ်ကတည်းက ပျိုးအိတ်နဲ့ ပျိုးထောင်ထားပြီးပါပြီ ပျိုးထောင်ရတာက (၄) ပေလောက် စင်အမြင့်ဆောက်ပီး အဲဒီ အပေါ်မှာ ပျိုးအိတ်တင်ထောင်ကြတယ်၊ Sun Shade အစလေးတွေမိုးပေးရတာပေါ့။
တစ်ချို့ကလည်း မြေပြင်မှာကျင်းဖွဲ့ပြီး အိတ်ထဲထည့် ပျိုးထောင်တာလည်းရှိပါသည်။ ပျိုးပင်တစ်လ ကျော်ရင် အတန်းလိုက်လေးကွက်ကြားစနစ်နဲ့ စိုက်ပျိုးသွားမှာပါ။ စိုက်ပျိုးအောင်မြင်လာရင် ဒီကျောက်စိမ်း ငရုတ်က ငရုတ်သီးအစိုအဖြစ်ရော၊ အမှည့်အနေနဲ့ပါ ရောင်းလို့ရပါပြီ၊ စိုက်စနစ် ကတော့ တစ်တန်းနှင့်တစ်တန်း တစ်ထောင့်ထွာခန့် စိုက်ထားတော့ လေဝင်လေ ထွက်ကောင်းလို့ အပင်ဖြစ်ထွန်းမှု အားကောင်းပါတယ်” ဟု ကျောင်းရွာလေးရွာက မရီမြင့်အောင်ကပြောသည်။
ယခင်နှစ်ငရုတ်ဈေးကွက်တွင် (692) ခေါ်ကျောက်စိမ်းငရုတ်သီး (အစို) တစ်ပိဿာကို ၈၀ဝိ/-မှ ၁၀၀ဝိ/-အထိ၊ အမှည့်တစ်ပိဿာလျှင် ကျပ် ၈၀၀ဝိ/-အထိ ဖြစ်ပေါ်ခဲ့၍ ယခုနှစ်တွင် တောင်သူ အများစုသည် (692) ငရုတ်မျိုးများကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးကြမည်ဟု တောင်သူများ ထံ က သိရသည်။
မူမူစန်း