ပန်း​တောင်းမြို့နယ်၌ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

ပန်းတောင်း ဇွန် ၁၇

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ပန်း​တောင်း၊ တောင်ကုတ်လမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၌ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လ.ဝ.က ဦးစီးဌာနနှင့် စည်ပင် သာယာ​​ရေးအဖွဲ့၊​​ ကြခတ်ရပ်ကွက်အုပ်ချုပ်ရေးတို့ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သင်းသင်းအေး