မလှိုင် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၁၂)ပါ စာရေးဆရာ လွန်းပိုးအိမ် ရေးသားသည့် "ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ဆောင်းပါးအား စာဖတ်ဝိုင်းဆောင်းပါး အဖြစ် ရွေးချယ်ခဲ့ကြပြီး ရုပ်/သံ ကျွမ်းကျင်- ၃ ဦးမျိုးဇော်ဇော်ထွန်းက “မူးယစ်ဆေးဝါးနှင့် လူဘောင် အဖွဲ့အစည်းအခြေအနေ” စာရေး ဦးစိုးမျိုးထက်က “မူးယစ်ဆေးဝါး သမိုင်းကြောင်း”၊ စာထောက်-၃ ဦးမောင်မောင်က “မူးယစ်ဆေးဝါးအမျိုးမျိုးနှင့် ဆိုးကျိုးများ”၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးအောင်ဌေးက “မူးယစ်ဆေးဝါး အန္တရာယ်တိုက်ဖျက်ရေး” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က ဇွန်လ (၂၆) ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သည့် စာဖတ်ဝိုင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်အကြောင်းအရာများ သိရှိနားလည်ထားရမည်ဖြစ်ကြောင်း နိဂုံးချုပ်ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)