ရေတာရှည် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျှက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဒုတိယ (၃)လပတ် (ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်)လ များအတွက် ပေးအပ်ခြင်းဖြစ်ပြီး ဘိုးဘွားတစ်ဦးအား တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (၃)လအတွက် (၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ရေတာရှည် မြို့နယ်တွင် အသက် (၈၅)နှစ်နှင့် အထက် စုစုပေါင်းသက်ကြီး ဘိုးဘွား ( ၉၉၇ ) ဦးရှိကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အေးဆု