ဒေးဒရဲမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေး အတွက် ၂၀၂၁ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ရုံးကြီး ကွက်သစ် (၁၂)လမ်းရှိ ဘိုးဘွားရိပ်သာဝန်းအတွင်းနှင့် ဒေးဒရဲ-တော်ကမယ် ကားလမ်းမတစ်လျှောက်တွင် ပျိုးပင်များစိုက်ပျိုးခဲ့ကြောင်း သိရသည်။