ကျောက်စစ်ကန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ရွာအဝင်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ကျောက်ပန်းတောင်း   ဇွန်  ၁၇

မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ် ကျောက်စစ်ကန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံ ကိန်း(VDP)ဖြင့်ဆောင်ရွက်ခဲ့သည့်၊ ကျေးရွာအဝင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဇွန်(၁၇)ရက်နေ့ နံနက်(၉:၃၀)နာရီက မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီးမံကိန်း(VDP) အစီအစဉ်ဖြင့်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျောက်ပန်း တောင်းမြို့နယ် အတွင်းရှိကျေးရွာ(၁၆)ရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့်အနက်၊ ကျောက်စစ်ကန်ကျေးရွာတွင် ကျေးရွာအဝင်ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း တစ်ခုအပါအဝင် ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းကို နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ကျေးရွာ ပြည်သူများမှ ထည့်ဝင်ငွေကျပ်သိန်း(၃၀) စုစုပေါင်း ငွေကျပ်သိန်း(၁၃၀)ဖြင့် လမ်းအရှည် (၅၉၅)ပေ၊ အကျယ်(၁၂)ပေ နှင့် ထု(၆)လက်မရှိလမ်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ လမ်းခင်းခြင်း လုပ်ငန်း(၁၀၀)ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေက  ပြောပါသည်။

နေအောင်(ပြန်/ဆက်)