ကျိုက်လတ်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျိုက်လတ်   ဇွန်   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းတွင် ၂၀၂၁ ခုနှစ် ၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီ က ကျင်းပခဲ့သည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျိုက်လတ်မြို့နယ် သစ်တောဦးစီးဌာန မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ ၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းဝန်းအတွင်း ကျွန်းပင်(၅၀) ၊ မန်ဂျန်ရှားပင်(၃၀၀) ၊ မာလာလူးကားပင်(၁၀၀) ၊ မဟောဂနီပျိုးပင် (၃၀၀) ၊ စုစုပေါင်း (၇၅၀) ပင် အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

သဘာဝဘေးအန္တရာယ်ကျရောက်မှုကာကွယ်ရေး၊ သစ်တောများပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ်ရေး နှင့် ရာသီဥတုမျှတစေရေးအတွက် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ရီရီမြင့် (ပြန်/ဆက်)