သုံးခွမြို့နယ်တွင် ဖရုံလမ်းခွဲ-အဇန်းတောဇွန်း-ပင်လယ်ချောင်ဆက်သွယ်ရေး လမ်ဘေးတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

 သုံးခွ ဇွန် ၁၇

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၁ ခုနှစ်မိုးရာသီစိမ်းလမ်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင် သာယာလှပစေရေးအတွက် မြို့နယ်သစ်‌တောဦးစီးဌာနနှင့်‌ ကျေးလက်လမ်းဦးစီးဌာနတို့ ပူးပေါင်း၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဖရုံကန်ကျေးရွာအပိုင် ဖရုံလမ်းခွဲ-အဇန်းတောဇွန်း-ပင်လယ်ချောင် ဆက်သွယ်ရေးလမ်း‌ဘေးတွင် ယနေ့နံနက် ၉နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ဦးထွန်းထွန်းဦးက ပျိုးပင်များ စိုက်ပျိုးပုံစိုက်ပျိုးနည်းကို ရှင်းလင်းပြောကြားပြီး‌နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁) ဗိုလ်မှူးသန့်ဇော်လင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပျိုးပင်များကိုပေးအပ်ခဲ့ရာ တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ ကြောင်း သိရသည်။

ယင်းသို့ စိုက်ပျိုးရာတွင် မန်ဂန်ရှား(၆၀)ပင်၊ မဟော်ဂနီ(၆၀)ပင် ၊ ပျဉ်းမ(၅၀)ပင် စုစုပေါင်း သစ်ပင် (၁၇၀)တို့အား စုပေါင်းစိုက်ပျိုးကြောင်း သိရသည်။