သတင်းများ

လင်းခေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Jun 18,2021
 လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါကာကွယ် ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်က လင်းခေးမြို့၊ ယာယီ ကုန်စိမ်းဈေး၌ သွားလာလှုပ်ရှားလျက်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် (၁၁) ရက်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၁၅၁)ဦးရှိ
Jun 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဖျားနာ (သံသယ) လူနာ တို့အား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် ဇွန်လ ၇ ရက်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃)ဦးတွေ့ရှိခဲ့ရာမှ ၎င်းတို့နှင့် ထိတွေ့သူများ သံသယ လူနာများကို စစ်ဆေးခဲ့ရာ ယနေ့အထိ ပိုးတွေ့လူနာ(၁၅၁)ဦးရှိပြီး နှစ်ဦးသေဆုံးပြီဖြစ်ကြောင်း သိရ သည်။
နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်   
Jun 18,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ  နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်ကနတ်မောက်မြို့နယ် ကျောက်တန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
နာဂဒေသ၊ လဟယ်မြို့နယ် တိုက်ရံ၊ အံ့ပေါ်လွင်ပြင်ရှိ အဆင့်မြင့်လယ်ယာများ ရာသီချိန်မီ မိုးစပါးစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 18,2021
စစ်ကိုင်း‌တိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် တိုက်ရံ၊ အံ့ပေါ် ကျေးရွာရှိလွင်ပြင်တွင် အဆင့်မြင့်လယ်ယာများ ဖော်ထုတ်ပေးခဲ့ရာ ရာသီချိန်မီမိုးစပါး စိုက်ပျိုး နိုင်ရေး သက်ဆိုင်ရာဌာနများက ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိသည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ဘဝတစ်ခုစီမံမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 18,2021
စာဖတ်သူမှာ ကောင်းကျိုးရလာဒ် ဝေဆာစေချင်သည့် စေတနာဖြင့်ရေးသားထားသည့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ ဘဝတစ်ခုစီမံမှုစာအုပ်အား ယမန်နေ့မွန်းလွဲ ၁:၀၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ် မုန်ညှင်းကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 18,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မုန်ညှင်းကျေးရွာသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများလက်ဝယ်အရောက်ပေးအပ်
Jun 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယမန်နေ့က မဲလရောကျေးရွာ အုပ်စုနှင့် ရင်းဘိုင်းကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။