နတ်မောက်မြို့နယ်၌ ကာကွယ်ဆေးထိုးသည့် စုရပ်(၆)နေရာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

နတ်မောက်      အောက်တိုဘာ  ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်/ကျေးရွာ ပြည်သူများအား ကာကွယ်ဆေးထိုးသည့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေပန်းတောကျေးရွာတိုက်နယ်ဆေးရုံ၊ ဖန်ခါးစမ်းကျေးရွာတိုက်နယ်ဆေးရုံနှင့် စိုင်ကောင်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် စုရပ်များခွဲ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဆရာ/မများ၊ စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ယနေ့နံနက်ပိုင်း က နတ်မောက်မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနစုရပ်တွင်    အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်/ကျေးရွာ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ဆရာ/မများက ကိုယ်အပူ ချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း များကိုဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း