မိုင်းရယ် အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုများကို ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာ ပေးခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် ဆော်ဩမှု ပြုလုပ်ပါသည်။
အဆိုပါ ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို မိုင်းရယ်မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များ အတွင်းတွင်လည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်တွင် အသံချဲ့စက် Song Box ဖြင့် ဆော်ဩမှု ပြုလုပ်ခြင်းများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး တေးသီချင်းများ ဖွင့်လှစ်ခြင်းနှင့် စာကြည့်တိုက်သို့ လာရောက်သူများအား ကိုယ်ပူချိန်တိုင်းခြင်း၊ စနစ်တကျ လက်ဆေးစေခြင်းနှင့် နှာခေါင်းစည်း Mask များဖြန့်ဝေခြင်းများကို နေ့စဉ်ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာပေးဆော်ဩမှုများကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိသည်။
ကျော်ဇင်ထိုက်