သာစည် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများနှင့်ဒေသခံပြည်သူများအား ယနေ့တွင် ကဆေးထိုးစုရပ် ၆ နေရာဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင်သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌၂၀၂၁ ခုဇွန်လ ၌ ကျောင်းအပ်နှံထားပြီး ကျောင်းတက်မည့် ကာကွယ်ဆေးထိုးရန် ကျန်ရှိ နေသော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ် ကြောင်း သိရသည်။ကျန်သည့် ဆေးထိုးစုရပ် ၅ နေရာတွင် ဒေသခံပြည်သူများအား ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရပြီး ဆေးထိုးအဖွဲ့များက ဆူးပုတ်ကန် ကျေးရွာ ၊ ကြက်မောက်ကျေးရွာနှင့် ပေါက်တော ကျေးရွာတို့ရှိ ဆေးထိုးစုရပ်များ၌ Sinopharm ဒုတိယအကြိမ်ကိုလည်းကောင်း၊ မယ်ဇလီကန် အထက၌ Sinopharm နှင့် Sinovac ဒုတိယအကြိမ်ကိုလည်းကောင်း၊ နှမ်းကန်ကျေးရွာတွင် Sinopharm ပထမ အကြိမ်ကို လည်းကောင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်း