ကျောက်တော် အောက်တိုဘာ ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးလက်နေပြည်သူများအား လတ်တလောအသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီ က မြို့နယ်ပြည်သူ့ဆေးရုံ ကြီးအတွင်းရှိ လူနာနားနေဆောင်စုရပ်နေရာ၌ ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ပြည်သူများ၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များကို (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား သတ်မှတ်စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။ ထိုသို့ကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး ရာ၌ ကာကွယ်ဆေးလာရောက် ဆေးထိုးနှံကြသူများအား ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သော ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်လိုအပ်ချက်ပြည့်ဝမှု ရှိ/မရှိ တိုင်းတာပေးခြင်းနှင့် ပုံမှန် အနေအထားရောက်ရှိမှသာ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေးထိုး နှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူစေခြင်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံပြီးသူများအား ဆေးထိုးနှံပြီး ကြောင်းလက်မှတ်များ တစ်ပါတည်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း