သတင်းများ

ကျောက်ဖြူမြို့၊ မြို့မဈေးကြီးတွင် အသိပညာပေးလက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း(Mask) ဖြန့်ဝေခြင်းများဆောင်ရွက်
Oct 28,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင် ရန်အတွက် ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ မြို့မဈေးကြီးသို့သွားရောက်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေးလက်ကမ်းစာ စောင်နှင့် နှာခေါင်းစည်း Mask များကို အခမဲ့ဝေငှပေးခဲ့ကြသည်။
ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Oct 28,2021
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၌ ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်‌ဆေးဒုတိယ အကြိမ်ဆက်လက်ထိုးနှံပေးခြင်းကိုပေါက်တောမြို့ပေါ်ရှိသာသနာ့ဗိမာန် စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေး ဌာနစုရပ်(၄) နေရာတို့တွင် ယနေ့ နံနက် (၉)နာရီက စတင်ထိုးနှံပေးသည်။
ထီးလင်းမြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Oct 28,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm တတိယအသုတ် ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီ က ထီးလင်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
သံဖြူဇရပ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဝါခရူကျေးရွာအုပ်စုသို့ ကွင်းဆင်း ဆောင်ရွက်ပေး
Oct 28,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရဲလင်းအောင် ဦးဆောင်၍ ပန်းခင်းစီမံချက် ဖြင့်အိမ်ထောင်စုလူဦးရေ စာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းများ ကို ယမန်နေ့ နံနက်(၁၀)နာရီမှနေ့လယ် (၄)နာရီ အထိ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ( Community Centre ) ခန်းမတွင် အသက် ( ၁၃)နှစ်အောက် ကြက်တောင်ရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Oct 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန့တို့ ပူးပေါင်း၍ အသက် (၁၃) နှစ်အောက် ကြက်တောင်ရိုက် (ကျား/မ) ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီ အချိန်တွင် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ဆွမ်ပရာဘွမ်မြို့၌ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာရေးဆရာ လယ်တွင်းသားစောချစ်၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Oct 28,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာရေးဆရာ လယ်တွင်းသားစောချစ်၏ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကျောင်းသား/သူများနှင့်‌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံ
Oct 28,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများနှင့်‌ဒေသခံပြည်သူများအား ယနေ့တွင် ကဆေးထိုးစုရပ် ၆ နေရာဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ ကျက်သရေဆောင် ဦးဇိနစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံမွမ်းမံခြင်းလုပ်ငန်း သွားရောက်ကြည့်ရှု
Oct 28,2021
မွန်ပြည်နယ်တွင် သမိုင်းဝင် တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများစွာ ရှိသကဲ့သို့ ကိုဗစ်-၁၉ အလွန် ကာလများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်း က မော်လမြိုင်မြို့ ကျက်သရေဆောင် ဦးဇိနစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံမွမ်းမံခြင်း လုပ်ငန်များ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုသည်။