သတင်းများ

တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ ကျောင်းသားများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ (အခမဲ့)စစ်ဆေးပေး
Oct 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် များ၊ ကျောင်းသားများ နှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား  (RTD) Test Kit ဖြင့်ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိစစ်ဆေးပေးခြင်းဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက် စစ်ဆေး ပေးခဲ့ကြကြောင်း သိရသည်။
ပြည်သူလူထုမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး၊ ထိန်းသိမ်းဆောင်ရွက်သည့်နေရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အဓိကအရေးပါ
Oct 29,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တောင်ကြီးမြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် တောင်ကြီးမြို့ သာယာလှပရေးအတွက် တွေ့ဆုံကြောင်း သိရသည်။
ခေါဇာမြို့၌ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌ငွေများ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်
Oct 29,2021
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့ရပ်ကွက်(၂)အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ညနေပိုင်းက အိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ဝိုင်း ပြုလုပ်
Oct 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) ရေးသားသည့် “ကာကွယ်ဆေး ထိုးကြ ပါစို့”ဆောင်းပါးအား  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့မွန်းလွဲ (၁) နာရီက ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Oct 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာ ပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံ
Oct 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(လေရှီး၊ လဟယ်၊ နန်းယွန်း) မြို့နယ်များအနက် လေရှီးမြို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ အခြေခံပညာအထက်တန်း ကျောင်း၌ အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျှက်ရှိ‌ေကြာင်းသိရသည်။
ဝေါမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လဒေသန္တရစီမံကိန်းရည်မှန်းချက် အဆိုပြုလွှာပေးအပ်ပွဲကျင်းပ
Oct 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လဒေသန္တရစီမံကိန်း ရည်မှန်းချက် အဆိုပြုလွှာ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဝေါမြို့နယ်ခန်းမ၌ ကျင်းခဲ့သည်။
မန်တုံမြို့တွင် ကိုဗစ်(၁၉)ရောဂါ ကြိုကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး နှိုးဆော်ဆောင်ရွက်
Oct 28,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ်(၁၉) ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ကျန်းမာ ရေးအသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။