ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရုံးများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ
Jun 20,2021
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ၁၈-၆-၂၀၂၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်၊ မင်းလှမြို့နယ်၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရုံးများတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လည်းကောင်း၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့၊ ချောက်မြို့တို့ရှိ မြန်မာ့အသံ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့သည်။