သတင်းများ

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အောက်တိုဘာလ(၁)ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးများပူးပေါင်းဆောင်ရွက်လျက်ရှိ
Oct 31,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်- ၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေများကြောင့် ပိတ်ထားခဲ့ရသောအခြေ ခံပညာကျောင်းများကို အောက်တိုဘာလ (၁)ရက် ၂၀၂၁-၂၂ ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှ နေ့လည် ၁၁ နာရီထိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန္နီမြို့ မြို့မစျေး၌ စျေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RTD Test Kit ဖြင့် စစ်ဆေးပေး
Oct 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာရေးဌာနပိုင် မြို့မစျေးကြီးအတွင်း စျေးရောင်းချနေသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးပေးခဲ့သည်။
တန့်ယန်းမြို့နယ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
Oct 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့် လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြသည်။
အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ် ညောင်ရွှေမြို့နယ် သမဝါယမအသင်းစု၏ သဘာဝမြေဩဇာပြုလုပ်နေမှု ကြည့်ရှုအားပေး
Oct 31,2021
အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးကျေးရွာရှိ သမဝါယမအသင်းစု စိုက်ပျိုးမွေးမြူရေးခြံအတွင်း အင်းလေးကန်မှ ထွက်ရှိသည့် ဗေဒါများဖြင့် သဘာဝမြေဩဇာ ပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ရာ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးလှထွဏ်းနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့စည်ပင်သာယာစျေးတွင် စျေးလာရောက်ဝယ်ယူသူများကို ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ခံထားရခြင်း ရှိ/မရှိ အခမဲ့စစ်ဆေးပေး
Oct 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း အမြန်ဆုံး လျှော့ချ ထိန်းချုပ်နိုင်ရန် အတွက် မြို့နယ်မှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီတွင် မြို့မ စည်ပင်သာယာဈေးသို့ ကွင်းဆင်း၍ စျေးလာရောက် ဝယ်ယူသုံးစွဲ သူများကို ကိုဗစ်-၁၉ရောဂါ ပိုးကူးစက် ခံထားရခြင်း ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်
Oct 31,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းဝင်း အတွင်းအပြင်နှင့် ပတ်ဝန်းကျင်သန့်ရှင်သာယာလှပစေရေးတို့အတွက် အပတ်စဉ် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းအပါအဝင် မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများကို စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း ရမ်းဗြဲမြို့နယ် ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Oct 31,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး စစ်တွေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရမ်းဗြဲမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ရပ်မိရပ်ဖများ၊ ဌာန ဆိုင်ရာ များနှင့်တွေ့ဆုံသည်။  
တနိုင်းမြို့ပေါ်ရှိ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Oct 31,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်းများနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာဆရာမများနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကပ်ဘေးတို့မှ ကင်းဝေးစေရန်အတွက် ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မူဖြင့် မြို့နယ်စီမံ အုပ်ချုပ်ရေးဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဝင်များ၊ ဌာနပေါင်းစုံမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ စုပေါင်း၍ ကျောင်းဝင်းအတွင်း ခြံစည်းရိုးပေါ်ရှိ ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။