သတင်းများ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးရဲတင့် မြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ
Jun 20,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးရဲတင့်သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Communty Centre ခန်းမတွင် တွေ့ဆုံခဲ့သည်။
ရခိုင်ပြည်နယ်၊ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (VLDF)မှ မင်းပြားမြို့နယ် ‌ကျောက်ခုတ်ကျေးရွာ စာကြည့်တိုက်သို့ စာအုပ်စာစောင်များလှူဒါန်း
Jun 19,2021
ရခိုင်ပြည်နယ် ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (VLDF)မှ မင်းပြား မြို့နယ် ‌ကျောက်ခုတ်ကျေးရွာ စာကြည့်တိုက်သို့ စာအုပ်စာစောင်များကို ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတွင်းရေးမှူး စာရေးဆရာ အောင်ကြည်မိုး (သင်းပုန်းတန်း)က ပြောကြားခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ ဝါးလက်မှုလုပ်ငန်းနှင့် မျှစ်ခြောက်သိုလှောင်ရုံသို့ကြည့်ရှုစစ်ဆေး
Jun 19,2021
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဇေယျာသီရိမြို့နယ်ရှိ ဝါးလက်မှုလုပ်ငန်းနှင့် မျှစ်ခြောက်သိုလှောင်ရုံသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံက်ပိုင်းက  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။                                                                          
၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ဘောလုံးအသင်းအားအောင်နိုင်ရေးအလံပေးအပ်
Jun 19,2021
နေပြည်တော်တွင်ကျင်းပမည့် ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် လက်ရွေးစင်ဘောလုံး အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရေးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Jun 19,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၄ နာရီက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေးစာရင်းများ ဆောင်ရွက်ပေးလျက်ရှိ
Jun 19,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရွာကောက်ရပ်ကွက်အတွင်းရှိ ကျောက်ကျင်းရပ်တွင် နေထိုင်လျက်ရှိသည့် အသက်(၁၆)နှစ် အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ဘူးခြင်း မရှိသေးသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူများ ပူးပေါင်းကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် လူဦးရေးစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး
Jun 19,2021
ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများကို အိမ်ထောင်စုနှင့် လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို မေ ၃ ရက်နေ့မှစ၍ ပြုလုပ်ပေးလျက်ရှိသည်။