ဇမ္ဗူသီရိ အောက်တိုဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့စာကြည့် တိုက်၌ မူလတန်းအဆင့် အရုပ်ခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မူလတန်းအဆင့် အရုပ်ခေါက်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲသို့ အမှတ် (၂၂) အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက် ဦးစီးမှူးမှ အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)