ဝါးခယ်မ အောက်တိုဘာ ၂၀
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာ နမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်(၉)နာရီက ကျေးရွာအုပ်စု(၃) အုပ်စုတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ကြာဖြူ ကျေးရွာအုပ်စု၊ အလန်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက် (၁၀)နှစ်ပြည့်(၅၁)ဦး၊ အသက် (၁၈)နှစ်ပြည့်(၅၀)ဦး၊ လဲလှယ်(၁)ဦး ၊ မိတ္တူ(၆)ဦး၊ စုစုပေါင်း (၁၀၈) ဦးနှင့်ပြောင်းရွှေ့ အိမ်ထောင်စု(၂)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး