နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ဟားခါးမြို့မှ အကျဉ်းသား/ အကျဉ်းသူ ၁၁ ဦး ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ရ

ဟားခါး အောက်တိုဘာ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အကျဉ်းသား/အကျဉ်းသူ (၁၁) ဦးအား ယမန်နေ့ နံနက် ၁၁ နာရီတွင် ဟားခါးမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ အခမ်းအနားပြုလုပ်၍ လွတ်ငြိမ်း ခွင့်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းခွင့်ပေးသည့် အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ပြည်နယ်လမ်းပန် ဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး စိုးလွင်မိုးတို့က ဆုံးမသြဝါဒ ပြောကြားသည်။

ထို့နောက် အမှုပိတ်သိမ်း၍ လွတ်ငြိမ်းခွင့်ပေးခြင်း ခံရသူများကိုယ်စားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြားခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ ဟားခါးမြို့မှ လွတ်ငြိမ်းခွင့်ရရှိသူများမှာ ကျား (၉) ဦး၊ မ (၂) ဦး စုစုပေါင်း (၁၁) ဦး ဖြစ်ကြောင်းနှင့် လွတ်ငြိမ်းခွင့်ပေးသည့် အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ် လမ်းပန် ဆက်သွယ်ရေးဝန်ကြီး (ပြည်နယ်ရဲတပ်ဖွဲ့မှူး)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး နှင့် ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများနှင့် သိက္ခာတော်ရဆရာတော်များ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။

မောင်တက်လမ်း