မူဆယ်မြို့တွင် တရားစွဲဆိုခြင်းခံနေရသူ အချုပ်သား (၁၅) ဦးအား လွတ်ငြမ်းချမ်းသာခွင့်ပေး

မူဆယ် အောက်တိုဘာ ၂၀

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၁၈၆/၂၀၂၁)၊ တရားရုံးတွင် ကြားနာစစ်ဆေး ဆဲအမှုများ ပိတ်သိမ်းအမိန့်အမှတ် (၁၈၇/၂၀၂၁) အရ ပုဒ်မ (၅၀၅) ဖြင့် ဖွင့်လှစ်ထားသော မူဆယ်မြို့ ရဲတပ်ဖွဲ့စခန်းအချုပ်ခန်းတွင် ထိမ်းသိမ်းထားသည့် တရားရုံး စစ်ဆေးဆဲ အမှုများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဖြင့်စိစစ်ပြီး လွှတ်ရမည့်သူများအား ပြန်လွှတ်ပေးခဲ့ရာ  မူဆယ်အချုပ် ခန်းမှ (၁၅) ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက လွတ်ငြိမ်းခွင့်ရရှိသူ (၁၅) ဦးနှင့် အုပ်ထိမ်းသူများအား ပြောကြားရာတွင် “ နိုင်ငံတော်အစိုးရ၏ လူသားချင်းစာနာထောက်ထားခြင်းနှင့် နိုင်ငံသားအချင်းချင်း နှလုံးစိတ်ဝမ်းအေးချမ်းစေရန်ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ အမှုမှ လွတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၁၉)အရ အမိန့်ထုတ်ပြန်ပြီး ကြားနာဆဲ အမှုများ ပိတ်သိမ်းခြင်းဖြစ်ကြောင်း မိမိသက်ဆိုင်ရာအရပ် ပြန်ရောက်သည့်အခါ နိုင်ငံအကျိုးပြု လုပ်ငန်းများတွင် ပါဝင်ကြစေလိုကြောင်း” ပြောကြားပြီး မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးသူနှင့်အဖွဲ့က အကျဉ်းသားတစ်ဦးချင်း မှတ်တမ်းရယူလျက် အုပ်ထိမ်းသူမိဘထံ အပ်နှံကြောင်း သိရပါ သည်။

ခရိုင် ပြန်/ဆက် (မူဆယ်)