ပွင့်ဖြူမြို့နယ်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား(၁၆)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေး

ပွင့်ဖြူ အောက်တိုဘာ  ၂၀

သီတင်းကျွတ်လအခါသမယ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပေးခဲ့ရာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား(၁၆) ဦးအား ယမန်နေ့ နံနက်ပိုင်းက ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် အကျဉ်းသားများကို ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဦးနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားပြီး ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား(၁၄)ဦးနှင့် အကျဉ်းသူ(၂)ဦး တို့ကို  ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )