မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen Plant စက် မင်းတုန်းမြို့သို့ ရောက်ရှိ

မင်းတုန်း အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလူနာများနှင့် အခြားလူနာများ ဆေးဝါးကုသမှုပေးရာတွင် Oxygen လိုအပ်ချက် အထောက်အကူပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen Plant(30M³/hr) စက်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မင်းတုန်းမြို့သို့ ရောက်ရှိလာရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့ဝက်များက စက်အား နေရာချထားနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။

မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ လူနာများအား ဆေးဝါးကုသပေးရာတွင် Oxygen လိုအပ်ချက်ကို မကွေးမြို့နှင့် အခြားမြို့များသို့ အလှုရှင်များ၏ လှုဒါန်း‌ငွေဖြင့်သွားရောက် သယ်ယူနေရပြီး Oxygen Plant စက် လည်ပတ်နိုင်ပါက Oxygen လိုအပ်ချက် လွယ်ကူစွာရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Oxygen Plant စက်ဖြစ်မြောက်ရေးအတွက် ဖြူစင်နှလုံးသား သာရေးနာရေး လူမှုကူညီရေးအသင်းက ဦးဆောင်၍ အလှုရှင်များ၏ လှုဒါန်းငွေဖြင့် အဆောက်အဦ ဆောက်လုပ်ခဲ့ပြီး Oxygen Plant စက်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ခြင်း ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)