မြောင်းမြမြို့နယ်၊ ညောင်ချောင်းပွေးစုကျေး ရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြောင်းမြ အောက်တိုဘာ ၂၄

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ် နှင့်အညီ ယမန်နေ့ နံနက်(၉)နာရီက ညောင်ချောင်းပွေးစု ကျေးရွာအုပ်စု၊ မဟာဓမ္မဂန္ဓာရုံ​ ကျောင်းတိုက် ဓမ္မာရုံတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီး မှူးရုံးမှ ဝကမှူး ဒေါ်စိုးစိုးသိမ်း၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ ကညောင်ချောင်းပွေးစုကျေးရွာ အုပ်စုရှိ ကျေးရွာနေ ပြည်သူများအား  အသက် (၁၆)နှစ်ပြည့်အထက် (၂ဝ)ဦး အသက် (၁၈)နှစ်အထက်(၂၈)ဦး တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး လဲလှယ်(၃၅)၊ မိတ္တူ(၁၀၂) စုစုပေါင်း (၁၈၅) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စန္ဒာကြည်