စဉ့်ကိုင်မြို့နယ်တွင်လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် မသန်စွမ်းသူများနှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ  Talk  Show   ဆောင်ရွက်

စဉ့်ကိုင်    အောက်တိုဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ(၁) နာရီက  လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင်  မသန်စွမ်းသူများနှင့် ပတ်သက်သည့်   အသိပညာပေးဆွေးနွေးပွဲ  Talk  Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုဦးစီးမှူး  ဒေါ်ဝင်းဝင်းသန်းက  နိုင်ငံတော်အစိုးရမှ  မသန်စွမ်းသူများအတွက်  ပြဌာန်းထားသည့်   အခွင့် အရေးများ၊   အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုများ၊ အနိုင့်အထက်ပြုခြင်းများရှိခဲ့လျှင်  ဥပဒေအရ  အကာအကွယ်ပေးနေမှု အခြေအနေများ၊ မသန်စွမ်းသူများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေမှု၊  မသန်ပေမဲ့လည်းစွမ်းဆောင်ပေးနေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍   စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း  စာရေးဆရာ ရှေ့နေ   ဦးဝင်းကြည် ကမသန်စွမ်းသူများအနေဖြင့် မြန်မာနိုင်ငံတွင် (၁၉၅၈)ခုနှစ် ကတည်းက   မသန်စွမ်းသူများ၏  အလုပ်အကိုင်အခွင့်အရေးများဆိုင်ရာ အက်ဥပဒေကို   ပြဌာန်းခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင်လည်း  မသန်စွမ်းသူများနှင့် ပတ်သက်သည့်အခွင့်အရေးဆိုင်ရာ တန်းတူညီမျှရရှိစေရေး  ဥပဒေများကို  ပြဌာန်းခဲ့ပါကြောင်း ၊   မသန်စွမ်းသူများအနေဖြင့် မသန်ပေမယ့်လည်း စွမ်းဆောင်နိုင်သူများ ဖြစ်သည့်အတွက် စိတ်ဓာတ်ခွန်အားကျစရာ မလိုကြောင်းအသီးသီးဆွေးနွေးပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျန်ရှိနေသည့် မသန်စွမ်းသူများကို တစ်ဦးလျှင်ငွေကျပ် (၃ဝဝဝဝိ/-) နှုန်း ထောက်ပံ့ပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာ အုပ်စု (၅၃)အုပ်စုမှ မသန်စွမ်းသူ(၄ဝ၇)ဦးအား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)