ကန့်ဘလူမြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ကန့်ဘလူ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို အ.ထ.က () ကန့်ဘလူ ၊ အ.ထ.က ဇီးကုန်းနှင့် အ.ထ.က ထန်းကုန်း စုရပ်များ၌ ယမန်နေ့က ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အ.ထ.က ()ကန့်ဘလူ၌ အထက်တန်း ကျောင်းသား ကျောင်းသူ ၄၀၉ ဦး၊ အလယ်တန်းကျောင်းသားကျောင်းသူ ၈၁၉ ဦး စုစုပေါင်း ၁၁၁၀ ဦး၊ အ.ထ.က ဇီးကုန်း၌ အထက်တန်း ကျောင်းသားကျောင်းသူ ၇ ဦး၊ အလယ်တန်း ကျောင်းသားကျောင်းသူ ၄၇ ဦး စုစုပေါင်း ၅၄ ဦး၊ အ.ထ.က ထန်းကုန်း၌ အထက်တန်း ကျောင်းသားကျောင်းသူ ၁၇၅ ဦး၊ အလယ်တန်းကျောင်းသားကျောင်းသူ ၅၆၂ ဦး စုစုပေါင်း ၇၃၇ ဦးတို့အား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)