လှိုင်းဘွဲမြို့နယ် ကျိုက်မုရောစေတီတော်၌ ဆီးမီး ၃၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်

လှိုင်းဘွဲ အောက်တိုဘာ ၂၁

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင်  လှိုင်းဘွဲမြို့ ကျိုက်မုရော စေတီတော်အား ဆီမီး ၃၀၀၀ ထွန်းညှိပူဇော် ဆက်ကပ်ပွဲကို ယမန်နေ့ ည (၆)နာရီအချိန်က အဆိုပါ စေတီတော်ရင်ပြင်၌ ကျင်းပသည်။

ဆီမီးပူဇော်ပွဲတွင် လှိုင်းဘွဲမြို့ စစ်ဗျူဟာအခြေချနှင့် တပ်ရင်း/တပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများက  စေတီတော်ရင်ပြင် ပတ်ပတ်လည်ရှိ ဆီမီးခွက်များ၌ ဆီမီး ၃၀၀၀ ကို ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရပ်ကွက်/ကျေးရွာများရှိ  ဆီမီးလာရောက် ထွန်းညှိပူဇော် ဆက်ကပ်လှူဒါန်းလာကြသော ပြည်သူများအား စတုဒိသာများဖြင့် ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်