အုတ်ဖိုမြို့နယ်တွင် မိုးကြိုးဘေးကြောင့် သေဆုံးသူအား ထောက်ပံ့ငွေပေးအပ်

အုတ်ဖို အောက်တိုဘာ ၂၁

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာကျေးရွာအုပ်စု၊ ရေတာကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်နေ့က မိုးကြိုးဘေးဖြင့်သေဆုံးခဲ့သူ၏ မိသားစုအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ  ယမန်နေ့က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေ ပေးအပ်ခြင်းကို အေးမြသာယာအုပ်ချုပ်ရေးမှူးရုံးတွင် သာယာဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်းများက မိုးကြိုး‌ဘေးကြောင့် သေဆုံးသူ ဦးသက်‌ဆွေ၏ ဇနီးထံသို့ ထောက်ပံငွေ (၃) သိန်း ကျပ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့​ခြင်းဖြစ် ကြောင်းသိရသည်။

အောင်သူ (အုတ်ဖို)