ညောင်ဦး အောက်တိုဘာ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့ အပန် းဖြေခရီး လာရောက်လည်ပတ်သူများ နှင့် ဆင်များ လေ့လာလိုသူ ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှုများလာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံက သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ကဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦးမြို့နှင့် ၅ မိုင်ခန့်အကွာ၊ ညောင်ဦး-ပခုက္ကူ-မြင်းခြံ ကားလမ်းမကြီးဘေး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိပြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ဘုရားဖူးလာ ခရီးသွား ပြည်သူများ ခရီးတစ်ထောက် လာရောက်အပန်းဖြေ နားနေရာတစ်ခုလည်း ဖြစ်ကြောင်း၊ ပလင်းကမ်း သာယာ ဆင်စခန်းဝင်းအတွင်း ကလေးကစားကွင်းတွင် ကလေးစီးရဟတ်၊ ဆီးဆော၊ လျောစီးနေရာ၊ ဒန်းတို့ပါရှိပြီး ကလေးဥယျာဉ်အဖြစ် ငယ်စဉ်ကတည်းက သစ်ပင်၊ ပန်းပင် သစ်တောတို့ကို မြတ်နိုးတတ်စေရန် ဥယျာဉ်ငယ်ပြုလုပ်ဖန်းတီးပေးထားကြောင်း၊ ဆင်ပြ တိုက်တွင်လည်း စုံလင်စွာပြသပေးထားပြီး ကမ္ဘာတွင် မြန်မာတစ်နိုင်ငံထဲသာ အိမ်မွေး ဆင်အများစု ပိုင်ဆိုင်ကြောင်း၊ အာဖရိကဆင်နှင့် အာရှဆင် ခွဲခြားပြသထားပြီး အာရှဆင် များသည် အာဖရိကဆင်များထက် ခွန်အားကြီးမားပုံ၊ အာရှဆင်ခေါ်မြန်မာ့ဆင်များ မြန်မာ့ သစ်လုပ်ငန်းတွင် အရေးပါခဲ့ပုံ၊ သစ်တောဝန်ထမ်းများနှင့် မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများ ဆင်များစောင့်ရှောက်ပုံ၊ ဆင်စွယ်အမျိုးမျိုးနှင့် ဆင်ဝန်ထမ်းအဆင့်ဆင့် နေအိမ်များကို ဆင်ပြတိုက်တွင်ပြသထားပုံနှင့် ဆင်စခန်းဝင်း ဆင်များနေထိုင်ပုံ၊ ဆင်များသည် တစ်နေ့ သုံးချိန်ပိုင်းပါက နှစ်ချိန်သည် အစာစားချိန်ဖြစ်ကြောင်းတို့ကို ခရီးသွား၊အပန်းဖြေလာ ဆင်လေ့လာလိုသူများ သိရှိလိုသည်များကို ဆင်စခန်းတာဝန်ရှိသူများက လိုက်လံရှင်းပြ ပေးကြောင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်များအတွက် ဆင်စာဘူဖေးကျွေးသူများ ပြားခဲ့ပြီး၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆင်စခန်းလာ ဆင်ချစ်သူများ အပန်းဖြေနားနေနိုင်ရန် ရှည်တံရှည်တဲများတွင် အပန်းဖြေသူများဖြင့် စည်းကားခဲ့ပြီး ဆင်စခန်းများ လာရောက် လေ့လာလည်ပတ်ခြင်းဖြင့် မြန်မာ့ဆင်များကိုယ်တိုင်ထိန်းသိမ်းဖို့အင်အားဖြစ်စေကြောင်း လည်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာကထပ်ကာရှင်းပြသည်။
ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်စခန်းသို့ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့ထိ လာရောက်လည်ပတ်မှုများပြားခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD