မိုင်းခုတ် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများတွင် သီတင်းကျွတ်လပြည့်ည (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၂၀ ရက်နေ့က ဘုရားဖူးပြည်သူများသည် ဆီမီးများ၊ အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ခဲ့ကြကြောင်း သိရသည်။
မိုင်းခုတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းကျွတ်လပြည့်နေ့က ဘုရားဖူးပြည်သူများ သည် ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ၊ နံ့သာများ ထွန်းညှိပူဇော်ခြင်းနှင့် ဘုရားဝတ်ပြုသူများ ရှိခဲ့ကာ ညပိုင်းတွင်လည်း ဘုရားစေတီများ၌ ဆီမီးများ၊ အမွှေးနံ့သာတိုင်များ ထွန်းညှိ ပူဇော်ခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက် များနှင့်အညီ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။
အားချာ၊ အောင်လွင်ဌေး