ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေမုဌောမဟာစေတီတော်၊ ရွှေစည်းခုံစေတီတော်မြတ်နှင့် တာဝတိံသာဘုရားတို့တွင် ဘုရားပြည်သူများ၊ အပန်းဖြေသူများနှင့် စည်ကားလျက်ရှိ

ပုသိမ်   အောက်တိုဘာ   ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေမုဌောမဟာစေတီတော်မြတ်ကြီး၊ ရွှေစည်းခုံစေတီတော်မြတ်နှင့် တာဝတိံသာဘုရားတို့တွင် အဘိဓမ္မာအခါတော်နေ့ ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် ပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့များမှ အဘိဓမ္မာပူဇော်ခြင်းနှင့် ဘုရားသို့ လာရောက်ဖူးမြှော်ပူဇော် ကြည်ညို သူများနှင့် စည်ကားလျက်ရှိသည်။ ယမန်နေ့ညတွင် ပုသိမ်မြို့ တာဝတိံသာ အနောက်ဖက် မင်းရပ်တန်းလမ်းနေ ဦးမြင့်အောင်မိသားစုက တာဝတိံသာဘုရားကြီးတွင် ဆီမီးတစ်ထောင် ပူဇော်ပြီး မနက်ဖန် လပြည့်ကျော် ၁ ရက်နေ့ (အောက်တိုဘာလ ၂၁ ရက် ) တွင်လည်း ဆက်လက်ပူဇော်မည် ဖြစ်ကြောင်းသိရသည်။

ယနေ့ညနေတွင် ပုသိမ်မြို့ ကမ်းနားလမ်းရှိ ပုသိမ်တံတား၊ ညဈေးရင်ပြင်၊ မြို့တော်ခန်းမ ရှေ့ရင်ပြင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ ရင်ပြင်တို့တွင် အများပြည်သူ အနားယူ အပန်းဖြေရင်း အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြင့်ဟန် (ခရိုင် ပြန်/ ဆက်)