ဒေးဒရဲမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေး

ဒေးဒရဲ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက် (၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက စတင်ပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် အခြေခံပညာဦးစီးဌာနရှိ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များက ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးခြင်းများကို အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၂၉၈)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)