ကွမ်းလုံ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် ဦးအပ်ကြာ ဦးဆောင်သည့် အလှူရှင် (၁၈) ဦးမှ အရေးပေါ် လူနာတင်ယာဉ်တစ်စီး လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက် (၁၀:၀၀) အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌက အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင် (၁၈) ဦးကိုယ်စား ဦးအပ်ကြာမှ အရေးပေါ်လူနာတင်ယာဉ်ကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမိုးသူအား ပေးအပ်လှူဒါန်းခဲ့ပြီး "ဦးအပ်ကြာဦးဆောင်တဲ့ အလှူရှင် ၁၈ဦးက အရေးပေါ် လူနာတင်ယာဉ်တစ်စီး ဝယ်ယူလှူဒါန်းသည့်အတွက် မြို့နယ်၏ ကျန်းမာရေးနှင့် လူမှုကူညီရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်မှာဖြစ်ပြီး ယခုလို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲ ကာလ တွေမှာလည်း လူနာသယ်ယူရေး လုပ်ငန်းများအတွက် ကူညီဆောင်ရွက်နိုင်မှာဖြစ်လို့ အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်းနှင့် စေတနာရှင် လုပ်အားရှင်များရဲ့ ကူညီထောက်ပံ့မှု များနှင့်အတူ ကျွန်တော်တို့ရဲ့ ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များဟာလည်း အခြေခံမူ '၇' ချက်နှင့်အညီ တိတိကျကျ လိုက်နာပြီး မြို့နယ်လူမှုကရုဏာ ကူညီမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း" ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးမိုးသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးက အရေးပေါ်လူနာတင်ယာဉ်အား ကြည့်ရှု စစ်ဆေးပေးခဲ့ကြောင်း သိရှိရသည်။
ဖြိုးမမ(ကွမ်းလုံ)