သာကေတ အောက်တိုဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် ၄/ မြောက်ရပ်ကွက်၊ အောင်ဇေယျ လမ်းမကြီးရှိ သဗ္ဗမင်္ဂလသာ သနာ့ဗိမာန်တော်ဝင်းအတွင်း တည်ထားကိုးကွယ်ထားရှိသည့် ဆုတောင်းပြည့် မြစေတီတွင် သဗ္ဗမင်္ဂလာသာသနာ့ဗိမာန် အကျိုးတော်ဆောင်များမှ ကြီးမှူး၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သီတင်းကျွတ်ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော် (၁) ရက်များတွင် ညနေ (၅:၀၀) နာရီမှ ည (၈:၀၀) နာရီအထိ ထွန်းညှိပူဇော်ခဲ့ကြသည်။
အဆိုပါ ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ပွဲကို ရပ်ကွက်အတွင်းရှိဘုရားဖူးပြည်သူများ သာမက အခြားသော ရပ်ကွက်များမှဘုရားဖူး ပြည်သူများမှ သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ လာရောက်ပူဇော်ခြင်းနှင့် ပတ်သက်၍လည်း "ကျွန်တော်တို့ ဆီမီး (၉၀၀၀) ပူဇော်ပွဲကို နှစ်စဉ်ပြုလုပ်နေကျပါ၊ ဒီလိုကျင်းပတဲ့အတွက် အခြားရပ်ကွက်မှ ပြည်သူများလည်း လာရောက်ဖူးမျှော်ကြလို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေတဲ့ ကာလဖြစ်လို့ စည်းကမ်းချက်နဲ့အညီ ဆီမီးပူဇော်ဖူးမျှော်နိုင်အောင် စီစဉ်ဆောင်ရွက် ထားပါတယ်" ဟု သဗ္ဗမင်္ဂလာသာသနာ့ဗိမာန် အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစိုးမြင့်မှ ပြောကြားခဲ့သည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)