မြင်းမူ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာလ(၂၃)ရက်နေ့နှင့် (၂၄)ရက်နေ့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်တွင် အသက်(၁၂)နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးနှံရန်အတွက် အလယ်တန်းအဆင့်နှင့် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၇၃၉၁)ယောက်ရှိကြောင်းနှင့် ဆေးထိုးရန် နေရာများအဖြစ် မြင်းမူမြို့ အနောက်ပိုင်းရပ်ကွက်ရှိ အ.ထ.က(၂)၊ မြောက်ပိုင်းရပ်ကွက်ရှိ အ.မ.က(၂) ကျောင်းနှင့် တောင်ပိုင်းရပ်ကွက်ရှိ စွန်းလွန်းဘုန်းတော်ကြီးကျောင်း တို့ဖြစ်ပြီး သတ်မှတ်ရက်များတွင် နံနက်(၈)နာရီမှ နေ့လယ် (၁၂)နာရီအထိ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရှိရသည်။
ထို့အတူ သက်ဆိုင်ရာ ကျောင်းများတွင်လည်း ကာကွယ်ဆေးထိုးနှံရန် အသိပညာပေးခြင်းနှင့် အတူ ကာကွယ်ဆေး (မထိုးနှံပေးရမည့်) အချက်များပါရှိသည့် အသိပေးဗီနိုင်းများအား ဆေးထိုးနှံပေးမည့် နေရာအသီးသီးတွင် ချိတ်ဆွဲပြထားရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ (မြင်းမူ)