မုံရွာ၌ ကိုဗစ်-၁၉‌ရောဂါ ပိုးရှိ/မရှိ ကွင်းဆင်းစစ်‌ဆေးပြီး စျေးရောင်းချသူ (၈၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုနှံပေး

မုံရွာ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ယနေ့နံနက် နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးမှူး၏ စီစဉ်မှုဖြင့် ဒုတိယမြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက မုံရွာမြို့ကန်သာဦးရပ်ကွက်၊ ကန်သာယာဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူ(၁၂၇)ဦးအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ RDT(TestKit)ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါပိုး ဓာတ်ခွဲအဖြေ (Negative)ထွက် ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် စျေးရောင်းချသူ(၈၅)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ RDT(TestKit)စစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးသည့် နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များမှ လာရောက် ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိန်လင်း-မုံရွာ