ဆိပ်ဖြူ အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အောက်တိုဘာလ (၁၅)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာသုံးရွာမှ အိမ်ထောင်စုများ အား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လည်(၁)နာရီက အနောက်ကံတွင်းကျေးရွာ ဓမ္မမေဒနီ ဘုန်းတော်ကြီးကျောင်းတွင် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခြင်းကြောင့် ရေပုတ်ကျေးရွာမှ လူနေအိမ်(၈)လုံး၊ အနောက်ကံတွင်းကျေးရွာမှ လူနေအိမ်(၆)လုံးနှင့် သဖန်းတုံးကျေးရွာမှ လူနေအိမ် (၃)လုံးတို့ စုစုပေါင်း နေအိမ်(၁၇)အိမ် အမိုးလန်းပျက်စီးခဲ့သည် ။ထိုသို့ပျက်စီးခဲ့သည့် လူနေအိမ် (၁၇)လုံးနှင့် မိသားစုဝင်များအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်မိုးလန်ပျက်စီးခဲ့သည့် နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၇၉၂၀၀၀)ကျပ်၊ အိမ်ထောင်စုဝင်မိသားစု (၈၂) ဦးအတွက် (၂၁)ရက်စာ ဆန်ရိက္ခာထောက်ပံ့ ငွေ (၁၇၂၂၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၆၄၂၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးနှင့် တာဝန်ရှိသူများက လေဘေးသင့် အိမ်ထောင်စုများထံ ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ၊ လက်ရှိဖြစ်ပွာနေသည့် ကိုဗစ်(၁၉)ရောဂါ ကူးဆက်ပြန့်ပွားမှုမရှိစေရေးနှင့်၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများကို အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများနှင့် မိသားစုဝင်များ သတ်မှတ်စုရပ်အသီးသီးတွင် သွားရောက်ထိုးနှံနိုင်ရေး အသိပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ