ချင်းပြည်နယ်၊ ယဉ်ကျေးမှုပြတိုက်အတွက် ချင်းရိုးရာပစ္စည်းများလှူဒါန်း

ဟားခါး အောက်တိုဘာ ၂၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဟားခါးဌာနခွဲရှိ ချင်းပြည်နယ်ယဉ်ကျေးမှုပြတိုက်အတွက် ချင်းပြည်နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်မှ လှူဒါန်းသည့် ချင်းရိုးရာပစ္စည်းများ လှူဒါန်း/လက်ခံခြင်းကို ယမန့်နေ့ညနေ ၁ နာရီခွဲက ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးခန်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ချင်းရိုးရာပစ္စည်းများ လှူဒါန်းရခြင်း၏ ရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ချင်းရိုးရာပစ္စည်းများဖြစ်သော အောက်ချင်းငှက်ရုပ်တု (၃)ခု၊ ခေါင်ရည်အိုး(၃)လုံး၊ မောင်းများ၊ ဗုံ(၁)လုံး၊ လင်းကွင်းအသေး(၁)စုံ/အကြီး(၂)စုံ၊ နွားနောက်ချို(၁)စုံနှင့် အောက်ချင်းငှက်ဦးခေါင်းရိုး(၁)ခုတို့ကို ပေးအပ်လှူဒါန်းကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ချင်းပြည်နယ်ရုံးမှ လက်ထောက်ညွှန်ကြားရေ:မှူး ဒေါ်ငိုင်ဟောက်နြောင်က လက်ခံရယူ ကြောင်းသိရသည်။