ပုသိမ် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း (အ.ထ.က.ခွဲ ) မြို့မ ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီမှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံခြင်းကို ကာကွယ်ဆေးအဖွဲ့ခေါင်းဆောင် ဒေါ်အေးအေးမူနှင့်၊ ဆေးထိုးအဖွဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာပြည့်ဖြိုးသွင်တို့ ဦးဆောင်ကာ ပုသိမ်မြို့ရှိ အမှတ်(၁) အလက(ထ.ခွဲ)ကျောင်းနှင့် အထက(၄) ကျောင်းမှ ကျောင်းသား/သူ ၂၀၀ ဦးကို ယနေ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျောင်းအမှန်တကယ် တက်ရောက်မည့် ကျောင်းသူ/ကျောင်းသားများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ဘေးကင်းစိတ်ချစွာ ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံတော်အစိုးရ၏ ညွှန်ကြားမှုဖြင့် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြရာ ဆေးထိုးအဖွဲ့တစ်ဖွဲ့လျှင် ဆေးထိုးနှံရေးအဖွဲ့ ခေါင်းဆောင်၊ ကျန်းမာရေးစစ်ဆေးသူ၊ ဆေးပြင်ပေးသူနှင့် ဆေးထိုးနှံမည့်သူဟူ၍ ၄ ဦး စုဖွဲ့ထားရှိကာ ဆေးထိုးမည့်နေရာ ပတ်ဝန်းကျင်လုံခြုံရေး ၊ နေရာချထားမှုအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ပညာရေးဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တာဝန်ကျဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့နယ် ပညာရေးမှူးတို့ လာရောက်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြင့်ဟန်