သတင်းများ

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရန် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 23,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်နေပြည်သူများ ယာဉ်အန္တရာယ် ကင်းစွာသွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့ ဗိုလ်ချုပ်လမ်းမှ အင်ကြင်လမ်းအထိ လမ်းအရှည်ပေ ၁၀၀၀ မူလရှိ ကတ္တရာလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း ထံမှ သိရသည်။
ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက်  နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Jun 23,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့တို့ပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က အမှတ် (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် ကျုံမငေးမြို့တွင် လိုအပ်လျက်ရှိသော အမှိုက်စွန့်ပစ်ကန်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 23,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ် ၊ ကျုံမငေးမြို့ သန့်ရှင်းသာယာလှပ‌ရေးအတွက် လိုအပ်လျက်ရှိသော အမှိုက်စွန့်ပစ်ကန်တူးခြင်းလုပ်ငန်းများကို ဆောင်ရွက်‌လျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့တွင်၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့နံနက်ပိုင်းတွင်တုံတာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများထံသို့ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။
ထားဝယ်မြို့တွင် အညာဖျားရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jun 23,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အညာဖျား ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ချင်းရွှေဟော်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးနိုင်ရန် ဓါတ်ခွဲနမူနာ Swab များရယူခြင်း ဆက်လက်ဆောင်ရွက်
Jun 23,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က ချင်းရွှေဟော်မြို့၊ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ဒေသခံပြည်သူများအား   ကိုဗစ် -၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ဓါတ်ခွဲနမူနာ Swab များရယူခဲ့ခြင်းကို အဆို ပါရပ်ကွက်ရှိ မူလတန်းကြိုကျောင်း၌ ဆက်လက်ဆောင်ရွက်ခဲ့သည်။
ပန်းတနော်မြို့နယ်တွင် ကျေးရွာကော်မတီများထံသို့ ရေးပေးရေးလုပ်ငန်းများ လွှဲပြောင်း ပေးအပ်
Jun 23,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရေးပေးရေးလုပ်ငန်းများအား ကျေးရွာကော်မတီများထံသို့ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ကြို့ပင်ကောက်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ချိန်များ ပြောင်းလဲသင်ကြား
Jun 23,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းတက်ချိန်များပြောင်းလဲ၍ သင်ကြားခြင်းကို ဇွန်လ ၂၁ ရက်နေ့မှစတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။